Rap(hip-hop) vs Punk
မြန်မာ တင်မက ကမ္ဘာ မှာ မတည့် တဲ့ ဂီတအမျိုးအစား နှစ်ခုပါ။တကယ်တော့ ဂီတတစ်ခုကို ကြိုက်တယ်၊မကြိုက်တယ်ဆိုတာ ကိုယ့်ရဲ့ ခံစားမှုပေါ်မူတည်ပါတယ်။ကျွန်တော် မန္တလေးမှာ show ပွဲတွေကြည့်ဖူးပါတယ်။အဲဒီမှာ ဆိုရင် Punk တွေနဲ့ Rapperတွေနဲ့ ရန်ဖြစ်ကြပါတယ်။ဒါတွေ ဟာဘာတွေလဲ။တကယ်တော့ ဘာမှ မဟုတ်ဘူး။လူငယ် အချင်းချင်း ခံယူချက်တွေ မတူပဲ သွေးဆိုးလာ ပြီးဖြစ်တဲ့ ကိစ္စတွေ ပါ။တကယ်တော့ Rap ပဲဖြစ်ဖြစ်၊Punk ပဲဖြစ်ဖြစ် ကိုယ့်feeling လာရင်လာ သလို နားထောင်ပြီး လက်ခံကြည့် လို့ရပါတယ်။အနောက် တိုင်းတွေ မှာဆို အမှန်တရားကိုမြတ်နိုးပြီး အသိပညာ၊နည်းပညာ တွေတိုးတက်တော့ Rap & Rock တွေ ကို ပေါင်းစပ်ပြီး Rap-metal ၊ Nu-Metal တွေတောင် ပေါ်နေပါတယ်။ကျွန်တော်ပြောချင် တာ က လူငယ်တွေမှာ မလိုအပ်တဲ့ ပြသနာ ဖြစ်နေတယ်လို့ လူငယ်တစ် ယောက်အနေနဲ့ မှတ်သလာက်၊တတ်သလောက် ဝေဖန်ကြည့်နေတာပါ။ကျွန်တော် ကိုယ်တိုင် ကRock ကို hit အဖြစ်ဆုံးပါ။ဒါပေမဲ့ ကျွန်တော် က music အားလုံးကို နားထောင်လို့ ရပါတယ်။feeling အရပေါ့ ဗျာ။တကယ် အမှန်တရားကို မြတ်နိုးကြည့်ပါ၊အမြင်တွေ ကိုကျယ်ကြည့်ပါ။
Saturday, September 22, 2007
Tuesday, September 18, 2007
သတင်း အစုံ
ကမ္ဘာဖျက် devil ကြီး
ကမ္ဘာကြီး ရဲ့ နိမိတ် ဆိုးကြီး။လူသားအားလုံး ရဲ့ အဆုံး။mayan calendar အရscientist တွေက ထင်မြင်ချက်တွေ ပေးနေပါပြီ။ဒါကို စာဖတ်သူလည်း သတိထားမိစေချင်ပါတယ်။2012 မှာ ကမ္ဘာကြီးဟာ ရာသီဥတု တွေပြောင်းလဲပြီး The end of Humankind ဖြစ်လာနိုင်ပါတယ်လို့ဟော ကိန်းထုတ်ထားပါတယ်။ဒါကို polar shift လို့သတ်မှတ်ကြပါတယ်။သို့မဟုတ် ဂြိုလ်တစ်ခု ဟာ ကမ္ဘာကြီးကို လမ်းကြောင်းလွဲပြီး ၀င်တိုက်နိုင်ပါတယ်။အဲဒီ လိုဖြစ်ရင် လူမပြောပါနှင့် ဟောဒီစကြာဝဋ္ဌာ ကြီးမှာ သက်ရှိ တို့ရဲ့ အသေးဆုံးအဖွဲ့အစည်းဖြစ်တဲ့ Bacteria(ဘက်တီးရီးယား)တွေတောင်မကျန်အားလုံး ပြောင်ရှင်းသွားမှာ ဖြစ်ပါတယ်။ဒါဟာ နောက်နေတာ မဟုတ်ဘူးလို့အောက်မှာ video တွေကြည့်လိုက်ပါ။ဟောဒီ website မှာလည်းကြည့်လို့ရ ပါတယ်။
READY FOR THE WORLD?
SPACE WEATHER. - Click here for this week’s top video clips

Monday, September 17, 2007
သီချင်းDownload and ကျွန်တော်ရဲ့ Site
အားလုံးအတွက် ကျွန်တော် သီချင်းတွေကို download လုပ်လို့ရအောင် site တစ်ခုကို google pages မှာဖန်တီးထားတာ ပါ။အများအား ဖြင့် သီချင်းတွေဟာ Alternative and Rock တွေ များပါလိမ့်မယ်။ကျွန်တော် ကိုယ်တိုင်ကလည်း Rock ကိုအရူးအမူး စွဲလမ်းသူတစ်ယောက်ဖြစ်ပါတယ်။တခြားMusic အမျိုးအစားတွေကို တင်ဖို့အစီအစဉ် ရှိပါတယ်ခင်ဗျာ။
သီချင်းများကို Download ယူရန်။Click on the Download သီချင်း on the bar.
သီချင်းများကို Download ယူရန်။Click on the Download သီချင်း on the bar.
Sunday, September 16, 2007
ဘလော့အကြောင်း
အမှန်တော့ ကျွန်တော် ဒီဘလော့လုပ်တာ subject တစ်ခုဖြစ်တဲ့ Circuit တွေအကြောင်းအဓိက ဆွေးနွေးမှာဖြစ်ပါတယ်။ဒါပေမယ့် အဲဒီpost တွေအတွက် ကျွန်တော် အခက်အခဲရှိနေသေး ပါတယ်။သိုသော်ငြားလည်း ပရိသတ်တွေ စောင့်ရတာ မပျင်းရအောင် "သီချင်း download နဲ့ အခြား စိတ်ဝင်စား စရာ post" တွေကို တင်သွားဦးမှာ ဖြစ်တယ်လို့ အသိပေးပါရ စေခင်ဗျား။
Saturday, September 15, 2007
ကျွန်တော့်အင်တရှို
တခါတလေ လောကကြီး အကြောင်းကို တွေးမိတယ်။ကိုယ့် အကြောင်းကို တွေးမိတယ်။ဘာကြောင့် ဒီကမ္ဘာ လောက ကြီး ဆိုတာ ရှိရတာလဲ။လောကကြီးကို ဘယ်လို ရပ်တည် ရမလဲ။တန်ဖိုးရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရမလဲ။ဒီလိုဘဲ ကျွန်တော် ၀ါသနာ အရလျှောက် တွေးတတ်တယ်။ဒီလိုနဲ့ ကျွန်တော့် ဘ၀ကို မောင်းနှင်လာတာ ခုဆိုအသက် တော်တော်ရနေ ပြီ...။ ကျွန်တော် အသက် (၁၇) နှစ်ရှိပြီဗျ။ နာမည်ကတော့ ပြည့်ဖြိုးအောင်ပါ။ အသားခပ်ညှိုညှို ဆိုတော့ မန္တလေးသားပေါ့ ဗျ။ အင်း....ကျွန်တော်ဝါသနာ ပြောရရင် တော့ အိပ်တာ တော်တော် ကြိုက်တယ်။ဒါပေမဲ့ ရည်မှန်းချက် ကတော်တော် ကြီးတယ်ဗျ။ အင်ဂျင်နီယာ ကောင်းတစ်ယောက် ဖြစ်ချင်တယ်။
ဒီလိုနဲ့ ကျွန်တော် တက္ကသိုလ် ၀င်တန်း အပြီးမှာ ကျွန်တော်တော်တော် ပြောင်းလဲလာ ခဲ့တယ်။အမှန်တရား ကိုပိုပြီတန်ဖိုးထားတတ်လာတယ်။ စွန့်စားချင်လာတယ်။ အဲဒီနောက်တော့ ကျွန်တော် အခွင့်အရေး တစ်ခုကိုရလိုက်တယ်။ကျွန်တော် စင်ကာပူကို ပညာသင်ခွင့် ရခဲ့တယ်။တော်တော် ပျော်ခဲ့ရတယ်။ဒါက ကွန်တော့်ရဲ့ (၈)တန်း တုန်းက အိပ်မက်ဗျ။ခုတော့ ကျွန်တော် Temasek Polytechnic မှာ Mechatronics ဘာသာရပ်နဲ့ ပညာသင်ကြား နေပါတယ်။
တခါတလေ လောကကြီး အကြောင်းကို တွေးမိတယ်။ကိုယ့် အကြောင်းကို တွေးမိတယ်။ဘာကြောင့် ဒီကမ္ဘာ လောက ကြီး ဆိုတာ ရှိရတာလဲ။လောကကြီးကို ဘယ်လို ရပ်တည် ရမလဲ။တန်ဖိုးရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရမလဲ။ဒီလိုဘဲ ကျွန်တော် ၀ါသနာ အရလျှောက် တွေးတတ်တယ်။ဒီလိုနဲ့ ကျွန်တော့် ဘ၀ကို မောင်းနှင်လာတာ ခုဆိုအသက် တော်တော်ရနေ ပြီ...။ ကျွန်တော် အသက် (၁၇) နှစ်ရှိပြီဗျ။ နာမည်ကတော့ ပြည့်ဖြိုးအောင်ပါ။ အသားခပ်ညှိုညှို ဆိုတော့ မန္တလေးသားပေါ့ ဗျ။ အင်း....ကျွန်တော်ဝါသနာ ပြောရရင် တော့ အိပ်တာ တော်တော် ကြိုက်တယ်။ဒါပေမဲ့ ရည်မှန်းချက် ကတော်တော် ကြီးတယ်ဗျ။ အင်ဂျင်နီယာ ကောင်းတစ်ယောက် ဖြစ်ချင်တယ်။
Subscribe to:
Posts (Atom)