Saturday, September 15, 2007

ကျွန်တော့်အင်တရှို

တခါတလေ လောကကြီး အကြောင်းကို တွေးမိတယ်။ကိုယ့် အကြောင်းကို တွေးမိတယ်။ဘာကြောင့် ဒီကမ္ဘာ လောက ကြီး ဆိုတာ ရှိရတာလဲ။လောကကြီးကို ဘယ်လို ရပ်တည် ရမလဲ။တန်ဖိုးရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရမလဲ။ဒီလိုဘဲ ကျွန်တော် ၀ါသနာ အရလျှောက် တွေးတတ်တယ်။ဒီလိုနဲ့ ကျွန်တော့် ဘ၀ကို မောင်းနှင်လာတာ ခုဆိုအသက် တော်တော်ရနေ ပြီ...။ ကျွန်တော် အသက် (၁၇) နှစ်ရှိပြီဗျ။ နာမည်ကတော့ ပြည့်ဖြိုးအောင်ပါ။ အသားခပ်ညှိုညှို ဆိုတော့ မန္တလေးသားပေါ့ ဗျ။ အင်း....ကျွန်တော်ဝါသနာ ပြောရရင် တော့ အိပ်တာ တော်တော် ကြိုက်တယ်။ဒါပေမဲ့ ရည်မှန်းချက် ကတော်တော် ကြီးတယ်ဗျ။ အင်ဂျင်နီယာ ကောင်းတစ်ယောက် ဖြစ်ချင်တယ်။lol ဒီလိုနဲ့ ကျွန်တော် တက္ကသိုလ် ၀င်တန်း အပြီးမှာ ကျွန်တော်တော်တော် ပြောင်းလဲလာ ခဲ့တယ်။အမှန်တရား ကိုပိုပြီတန်ဖိုးထားတတ်လာတယ်။ စွန့်စားချင်လာတယ်။ အဲဒီနောက်တော့ ကျွန်တော် အခွင့်အရေး တစ်ခုကိုရလိုက်တယ်။ကျွန်တော် စင်ကာပူကို ပညာသင်ခွင့် ရခဲ့တယ်။တော်တော် ပျော်ခဲ့ရတယ်။ဒါက ကွန်တော့်ရဲ့ (၈)တန်း တုန်းက အိပ်မက်ဗျ။ခုတော့ ကျွန်တော် Temasek Polytechnic မှာ Mechatronics ဘာသာရပ်နဲ့ ပညာသင်ကြား နေပါတယ်။

1 comment:

Unknown said...

Yah! Pls keep the good name of Mandalay ok??
Good to have thats big goal in your life!
May your dreams come true my little bro. =)