skip to main |
skip to sidebar
နည်းပညာတွေ ပေါက်ကွဲမှု နှင့်အတူ mechanics deviceတွေကလည်း အသစ်သစ်ပေါ်လာပါတယ်။ယခုလည်းပျင်းပျင်းနဲ့ popularmechanics ကို အလည်သွားမိတာ Meade’s mySKY Puts Radar ဆိုပါလား။စိတ်ဝင်စားလို့ ဖတ်မိလိုက်တယ်။စာဖတ်သူတို့လည်း စိတ်ဝင်စားမယ်ထင်လို့ post တင်လိုက်ပါတယ်။ဒီdevice ဟာ Astronomy လေ့လာသူတွေ အတွက်တော့အလွန် အသုံးဝင်မယ့်deviceပါ။တန်ဖိုးကတော့ အမေ၇ိကန်ဒေါ်လာ ၄၀၀တန်ပါ။ဒီပစ္စည်းဟာ Telescope တွေလိုပါပဲ။ဂြိုလ်တွေကို ကြည့်လို့ရပါတယ်။ဒါပေမယ့် ထူးခြားတာတွေကတော့ ပစ္စည်းဟာတော်တော်သေးသွားပါတယ်။ပြီးတော့ နှစ်လိုဖွယ်ကောင်းမယ့် အသံတွေ၊ရုပ်ပုံတွေပါဝင်ပါတယ်။ဆိုကြပါစို့.......သောကြာဂြိုလ်ကိုကြည့်ရအောင်..။အဲဒီလိုဆိုရင်...သောကြာ
ဂြိုလ်ဟာအဲဒီ screen လေးမှာ ပေါ်လာပါမယ်။ပြီးရင် အဲဒီဂြိုလ်နဲ့ ပတ်သက်တဲ့data information တွေ ပေါ်လာပါမယ်။ဂြိုလ်အားလုံးတော့ စုံမှာ မဟုတ်ပါဘူး။define လုပ်ထားတာတော့30,000 celestial objects ရှိပါတယ်။ဒါပေမဲ့ အဲဒီ စက်မှာ Run မယ့်software ကိုထိုcompany website မှupdate လုပ်နိုင်ပါတယ်။ထိုစက်ထဲမှာ SD Memory ပါတာကြောင့် update software ကိုကူးရာတွင် SDကိုPC မှာစိုက်ပြီး Install လုပ်။ပြီးရင် device မှာပြန်တက်ပြီး new software ကို သုံးနိုင်ပါတယ်။အသေးစိတ်ကို ဒီweb မှာ ကြည့်ပါ။