ကဲ ပရိသတ်!ဒီနေ့ ဒီလိုလုပ်ရအောင်။မိမိ ရဲ့ Windows Shutting ring tone တွေကို ပြောင်းကြည့်ရအောင်။ကြားနေကျ Windows shutting ring tone တွေမကြားဘဲ ဆန်းသစ်မယ့် အသံဖိုင်တွေကို ထည့် ပြီး မိမိကွန်ပျူတာကို အလှဆင်ရအောင်။ဟုတ်ပြီ။အရင်-control panel ကိုသွားပါ ပြီးရင် sound ဆိုတဲ့ file ဆီကို သွားပါ။ပြီးရင် အဲဒီ Windowတစ်ခု ပေါ်လာလိမ့်မယ်။အဲဒီနောက် tab bar မှာ soundဆိုတဲ့ tab အခွဲကို ထပ်သွားပါ။အဲဒီနောက် အောက်နားလေးမှာ program event ဆိုတာ ရှိပါတယ်။အဲထဲမှာ-exit window ဆိုတာ လိုက်ရှာပါ။အဲဒီအောက်မှာ soundဆိုတဲ့ .wav ဖိုင်တွေကို တွေ့ပါလိမ့်မယ်။အဲဒါ window deafult wave ဖိုင်တွေဖြစ်ပါတယ်။ဒါတွေကို ပြောင်းလို့ရပါတယ်။ဘေးက browse ထဲမှာ သီချင်းတွေကို ရှာပေါ့။ပြီးရင် apply လုပ်၊restartချပါ။နောက်တစ်ခါ shut down လုပ်ကြည့်ရင် အဲဒီကောင် ထအော်လိမ့် မယ်။အဲ....အဲဒီလို တစ်ခြားအသံထည့် တဲ့ အဲဒီအသံဟာ .wav နဲ့ဖြစ်ရမယ်။နောက်...bytes နည်းရမယ်။အဆင်ပြေအောင် screen shoot လေးတွေအောက်မှာ ထည့်ထားပါတယ်။စမ်းသပ်ဖို့ တော့ wave file အသေးစားကို ဒီမှာ
download ချပါ။အဲဒီ အသံက
"မရဘူး၊မရဘူး ငါးဆယ်ပေး၊ငါးဆယ်ပေး" ဖြစ်ပါတယ်။အပျော် စမ်းကြည့်ပါ။

Window shutdown မှ မဟုတ်ပါဘူး။အခြားအသံsound settings တွေဖြစ်တဲ့ window start-up,hardware remove လုပ်တဲ့ အသံတွေ ကိုပါပြောင်းလို့ရတယ်။ဒါပေမယ့် .wav ဖြစ်ဖို့တော့လိုတယ်။
1 comment:
ငါးဆယ်တော့ပေးခြင်ပါတယ်. အကြွေမရှိလို တစ်ရာ
ယူသွားပါ... ထုံးဖြူလား.၊ နွယ်ချိုဆေးလား၊ ဟဲဟဲ နောက်တာပါ..မိုးရွာနေလို့..
လခ့် လုပ်ခြင်လို့ပါ... လခ့်လုပ်ခွင့်မပေးရင် ကျနော့် မှာ ဖော်ပြခွင့်ပြုပါလို့ ခွင့်တောင်းပါရစေ... ကျေးဇူးအထူးတင်ပါတယ်။။
ကိုချစ်ဦး
Post a Comment